Cyber Security Services

လူကြီးမင်းတို့ရဲ့ လုပ်ငန်းတွင် အသုံးပြုထားသော Cloud ပေါ်တွင်ထားရှိသည့် Server များသော်လည်းကောင်း၊ On-Premise တွင်ရှိသော Physical များသော်လည်းကောင်း၊ Server များပေါ်ရှိ Application များ၊ Service များသော်လည်းကောင်း၊ ၎င်း တို့ပေါ်တွင် Deploy ပြုလုပ်ထားသော Website, Web Application များနှင့် အခြားသော Public Facing Services များသာမက Internal Server & Service များ၊ Network များကို လုံခြုံမှု အပြည့်အဝ ထားရှိနိုင်ရန်အတွက် ကျွန်တော်တို့ရဲ့ Cyber Security Services ရှိပါတယ်။

ဒါ့အပြင် လူကြီးမင်းတို့အသုံးပြုလျက်ရှိတဲ့ Desktop PC, Laptop PC များကိုလည်း Virus, Malware နှင့် အခြားသော Hacking Attempts များမှ ကာကွယ်ကာ အရေးကြီးသော၊ တန်ဖိုးရှိသော သတင်းအချက်အလက်များကို လုံခြုံစွာ ထိန်းသိမ်းထားနိုင်ရန်အတွက်လည်း ကျွန်တော်တို့မှ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

သင့်လုပ်ငန်းအတွက် အထူး သီးသန့်ပြုလုပ်ထားသော Cyber Security Solution များဖြင့် အရေးကြီး၍ တန်ဖိုးရှိသော သတင်းအချက်အလက်များကို ကာကွယ်ပါ။

mmcloudstar - Cyber Security Department

Server Protection Services

End-Point Protection Services

Managed SOC Services

Server Security Hardening

Cloud နှင့် On-Premise တွင်ရှိသော Physical and Virtual Server များအား Security Policy များဖြင့် Security Audit ပြုလုပ်ခြင်း၊ Patch များ ထည့်သွင်းခြင်း၊ System Service များနှင့် ၎င်းတို့၏ Configuration များကို စစ်ဆေးခြင်း၊ OS-Level Firewall များကို စစ်ဆေးခြင်းနှင့် လုံခြုံမှုပိုမိုကောင်းမွန်စေရန် ပြင်ဆင်ခြင်း စသည့် Security Hardening များကို International Standard များနှင့်အညီ ပြုလုပ်ပေးခြင်း။

Cloud နှင့် On-Premise တွင်ရှိသော Physical and Virtual Server များရှိ Server Log များဖြစ်ကြတဲ့ (Authentication Log များ၊ System & Service Log များနှင့် Application Log များ) Log များကို ၂၄ နာရီ အချိန်ပြည့် စောင့်ကြည့်ပေးခြင်းဖြင့် ကျရောက်နိုင်သော၊ သို့မဟုတ် ကျရောက်လျက်ရှိသော ဆိုက်ဘာတိုက်ခိုက်မှုများကို သိရှိကာ ကာကွယ်ပေးခြင်း စသည့် ဝန်ဆောင်မှုများ

Server များနှင့် ထည့်သွင်းထားသော Service များ၊ Application များကို ပုံမှန် Vulnerability Scan စစ်ဆေးပေးခြင်းဖြင့် လုံခြုံရေးယိုပေါက်များ (CVE) နှင့် Configuration အလွဲအမှားများကို စစ်ဆေးသိရှိနိုင်မည်ဖြစ်ပြီး မည်သို့ပြင်ဆင်သင့်သည်များကို Report ပြုလုပ်ပေးခြင်း

Security Information & Event Managment (SIEM) ဖြင့် Integrate ပြုလုပ်ကာ ဆိုက်ဘာလုံခြုံရေးနှင့်ပတ်သက်သည့် အချက်အလက်များကို ၂၄ နာရီစောင့်ကြည့်ကာ ပိုမိုကောင်းမွန်၍ နားလည်လွယ်သော Report ပြုလုပ်ပေးခြင်း

ဆိုက်ဘာတိုက်ခိုက်မှု တစုံတရာ ဖြစ်ပေါ်လာပါက ချက်ချင်း အသိပေးကာ ကနဦးပြုလုပ်ရမည့် ကာကွယ်ရေးများ (ဥပမာ IP Block ပြုလုပ်ခြင်း၊ Isolation ပြုလုပ်ခြင်း၊ Virtual Patching ပြုလုပ်ခြင်း၊ Malware Scan ပြုလုပ်ခြင်း စသည်) ကို ချက်ချင်းပြုလုပ်ပေးခြင်း။

Antivirus & Basic Firewall Setup

Anti-Virus, Anti-Malware များကို ထည့်သွင်းခြင်း၊ Configuration ပြုလုပ်ခြင်းနှင့် Up-to-date ဖြစ်စေရန် စစ်ဆေးကာ ပုံမှန် Update ပြုလုပ်ပေးခြင်း၊ Local Firewall အား Configuration ပြုလုပ်ကာ မလိုအပ်သော အန္တရာယ်ရှိသောအရာများအား ပိတ်ပင်ပေးခြင်း

Endpoint Devices (Laptop/Desktop) များကို ပိုမိုထိရောက်သော Scan များစစ်ဆေးကာ အန္တရာယ်များကို သိရှိအကြောင်းကြားခြင်း နှင့် ၎င်းတို့အား ပြုပြင်ပေးခြင်း

24/7 Threat Monitoring

Server များ၊ Desktop PC များ Laptop များတွင်‌ ကြုံတွေ့နေရသော ဆိုက်ဘာတိုက်ခိုက်မှုများ၊ လုံခြုံရေးအန္တရာယ်များကို ၂၄ နာရီ စောင့်ကြည့်ပေးခြင်း

ဆိုက်ဘာတိုက်ခိုက်မှုများ ဖြစ်ပေါ်လာပါက ထိခိုက်မှုအလျော့နည်းဆုံးဖြစ်စေရန်အတွက်  သက်ဆိုင်ရာ Server, Laptop, Desktop PC နှင့် ၎င်းတို့ပေါ်ရှိ Service များ၊ Application များနှင့် ဖိုင်များကို ထိန်းသိမ်းခြင်း ထိန်းချုပ်ခြင်းများ (Containment) ပြုလုပ်ခြင်း၊ ဖြစ်ပေါ်လာသော ဆိုက်ဘာတိုက်ခိုက်မှုကို စစ်ဆေးခြင်း သုံးသပ်ခြင်း (Investigation & Analysis) နှင့် ထိခိုက်မှုများကို ပြန်လည်ပြင်ဆင်ကာ ထိခိုက်သော အရာများကို ပုံမှန်အတိုင်း ပြန်လည် အသုံးပြုနိုင်ရန် Recover ပြုလုပ်ပေးခြင်း

ဆိုက်ဘာတိုက်ခိုက်မှု မှတ်တမ်းများ၊ ဖြစ်ပေါ်ခဲ့သော နေ့ရက်အချိန်များ၊ တိုက်ခိုက်ခံရသော/ထိခိုက်သွားသော Server များ၊ Desktop PC နှင့် Laptop များအပြင် Service များ သို့မဟုတ် Data များ၊ Investigation ရလဒ်များနှင့်တကွ ကနဦးလုပ်ဆောင်ချက်များအပြင် ပြန်လည်ပြုပြင်ထားသည့် အကြောင်းအရာများ စသည့် အသေးစိတ် အချက်အလက်များကို နေ့စဉ်/အပတ်စဉ်/လစဉ် Report အသေးစိတ်ပြုလုပ်ပေးခြင်း

လူကြီးမင်း၏ အရေးကြီးသော ရုံးအဖွဲ့နှင့် ဝန်ထမ်းများအား Security Awareness Session အဖြစ် အခြေခံသိထားသင့်သည့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အကြောင်းများ ဆောင်ရန်/ရှောင်ရန်များကို Meeting သဘောမျိုးဖြင့်သော်လည်းကောင်း သင်ပြပြောပြပေးခြင်း