တိုးတက်လာသော ယနေ့ခေတ်တွင် Website များ၊ Application များနှင့် ၎င်းတို့အတွက် မရှိမဖြစ်လိုအပ်သော Database များကို လုပ်ငန်းတိုင်းလိုလို လိုအပ်လာကြပါသည်။ အဆိုပါ Website, Application နှင့် Database များကို လွှင့်တင်ထားနိုင်ရန်အတွက် Cloud Server များ သို့မဟုတ် Cloud VPS များ အသုံးပြုရန် လိုအပ်လာပါသည်။ လုပ်ငန်း ကျယ်ပြန့်ခြင်း မကျယ်ပြန့်ခြင်း၊ ကြီးခြင်း မကြီးချင်းနှင့် Website များကြည့်ရှုသူ အနည်းအများ၊ Application သုံးစွဲသူအနည်းအများပေါ်မူတည်၍ ၎င်း Cloud Server များ လိုအပ်မှုပမာဏသည် ကွဲပြားသွားပါသည်။
လူကြီးမင်းတို့ရဲ့ လုပ်ငန်း၊ အဖွဲ့အစည်းဆိုင်ရာ Website, Application, Database များကို Cloud VPS များဖြင့် လွှင့်တင်ပေးထားခြင်း၊ ၎င်း Cloud Server များ၏ သုံးစွဲမှုများကို Overload မဖြစ်စေရန်နှင့် Error များကင်းရှင်းစေရန် စောင့်ကြည့်ပေးခြင်း၊ လိုအပ်သည့် ထိန်းသိမ်းမှုဆိုင်ရာဝန်ဆောင်မှုများပေးခြင်း စသည်တို့ကို အတွေ့အကြုံပြည့်ဝပြီး ကျွမ်းကျင်သော ပညာရှင်များဖြင့် ကျွန်တော်တို့ mmcloudstar မှ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
Linux Operating System များ အားလုံးကို အသုံးပြုနိုင်ပါတယ်။ Customer တော်တော်များများ အသုံးပြုကြတာတော့ Ubuntu Server LTS Version တွေကိုအသုံးပြုကြပါတယ်။ ဒါပေမယ့်လည်း လိုအပ်ချက်အရ အခြား Linux OS တွေဖြစ်တဲ့ Debian, CentOS, Fedora, RedHat အစရှိတဲ့ Linux OS များအပြင် Custom Linux OS များကိုလည်း ISO File ပို့ပေးရုံနဲ့ OS Installation ပြုလုပ်ပေးပါတယ်။
ကျွန်တော်တို့ Cloud VPS တွေကတော့ Physical Server ကနေတဆင့် ခွဲပြီးရောင်းတာဖြစ်ပါတယ်။ Physical Server မှာတော့ 10 Tbps Physical Network Port တွေတပ်ဆင်ထားပါတယ်။ ဒါကြောင့် ပုံမှန်အားဖြင့်တော့ VPS တစ်ခုကို 1 Gbps ဝန်းကျင်ရရှိနေမှာဖြစ်ပါတယ်။
VPS များမှာ Storage ကတော့ ပုံမှန် Standard SSD တွေအသုံးပြုထားပါတယ်။ အကယ်၍ လိုအပ်ပါက High-Performance ဖြစ်တဲ့ NVMe Storage တွေကိုလည်း ရရှိနိုင်ပါတယ်။
Plan တွေကတော့ ပြောင်းလို့ရပါတယ်။ ဒါပေမယ့် Plan အကြီးကိုပြောင်းပြီးရင်တော့ Plan အသေးကို ပြန်ပြောင်းလို့မရနိုင်ပါဘူး။
Plan အသေးမှ အကြီးကို ပြောင်းချင်ရင်တော့ သက်တမ်းကျန်ရှိတဲ့ ရက်ကိုတွက်ပြီး သက်တမ်းမကုန်ဆုံးခင် ရက်အရေအတွက်ကိုသာ ထပ်မံပေးဆောင်ဖို့လိုပါတယ်။
Payment Term အနေနဲ့တော့ အနည်းဆုံး ၃ လ လက်ခံပါတယ်။ Cloud VPS တစ်ခု ဝယ်ယူအသုံးပြုမယ်ဆိုရင် အနည်းဆုံး ၃ လ တစ်ဖြတ်စီ ကြိုတင်ပေးချေထားရမှာဖြစ်ပါတယ်။
ငွေပေးချေတဲ့အခါမှာတော့ ဖေါ်ပြထားတဲ့ USD နဲ့ညီမျှတဲ့ မြန်မာကျပ်ငွေကိုသာ လက်ခံပါတယ်။
Payment ကိုတော့ KBZ Pay, Wavepay, AYA Pay တို့နဲ့လည်း ပေးချေနိုင်ပါတယ်။